သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး




MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့ စစ်ဆေးပေးခြင်းဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးက ကြီးကြပ်မှု့ဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမ မျာက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ဆီချိုရောဂါ စစ်ဆေးပေးခြင်း၊ ECGစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့ စီစဉ် ဆောင်ရွက် ပေးခဲ့သည်။


ထို့နောက် သရက်ခရိုင် ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ရာတွင် စက်တင်ဘာ ၁၈ ရက်နေ့က ကျန်းမာရေး စစ်ဆေးသည့် အငြိမ်းစားဝန်ထမ်း (၂၄)ဦးရှိရာ သွေးတိုးရောဂါ တွေ့ရှိသူ (၁၃)ဦး၊ သွေးချိုဆီးချို ရောဂါ တွေ့ရှိသူ (၆)ဦးကို အခမဲ့ ဆေးကုသပေးခြင်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့ (၂၅)ရက်တွင်နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆက်လက်ကုသပေးလျက်ရှိသည်။ နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုခြင် ဆောင်ရွက်ပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း သရက်ခရိုင်တွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတိုင်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကုသရေးဦးစီးဌာနမှ သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)