MNP ၊ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ပွင့်လင်းရာသီ ခရီးသွားများ ယဉ်လမ်းအန္တရာယ် ကင်းဝေးစေရန် လမ်းညွှန်အမှတ်အသားများ ပြုလုပ်စိုက်ထူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး ၄ ထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက ပွင့်လင်းရာသီ ခရီးသွားများ ယဉ်လမ်းအန္တရာယ်ကင်းဝေစေရန် အများပြည်သူ အသုံးပြုသွားလာရာ မြို့တွင်း မြို့ပြင်၊ မိန်းလမ်းမကြီးများနှင့် မြို့ချင်းဆက် လမ်းများတစ်လျောက် လမ်းညွှန်အမှတ်အသားများ ပြုလုပ် စိုက်ထူနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိ လမ်းညွှန်အမှတ်အသားများ စိုက်ထူထားရှိမှုနှင့် တိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
လမ်းညွှန်အမှတ်သားများ ပြုလုပ်ရာတွင်မင်းဘူး-ရွှေစက်တော်ကာလမ်းတစ်လျှောက်၊ မကွေး-မင်းဘူး-စကု-ပွင့်ဖြူ-စလင်းကားလမ်းတစ်လျောက်၊ မင်းဘူး-အမ်းကားလမ်းတစ်လျောက်၊ မင်းဘူး-ငဖဲ ကားလမ်းတစ်လျောက်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များလိုက် မြို့တွင်း၊ မြို့ပြင်လမ်းများ၊ လမ်း၊ တံတားများ၊ ကွေ့ဆင်း၊ ကွေ့တက်၊ ယဉ်ကာကျောက်တိုင်၊ လူကူးမျဉ်းကြား၊ မီးပွိုင့်၊ လမ်းဘေး ပလက်ဖောင်းများ သိသာထင်ရှားစေရန် ဆေးသုတ်ခြင်းလုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်အမှတ်အသား၊ ယဉ်လမ်းစည်းကမ်း၊ သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ လိုအပ်သည့်နေရာများတွင် ထပ်မံတိုးချဲ့၊ ပြုပြင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မောင်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment