MNP ၊ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေကြွေးကျန် တောင်သူများ မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး (၄)ထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးနေလင်းမှ ခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်၌ ဒေသခံတောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးစရိတ် ချေးငွေးများကို နှစ်စဉ် သတ်မှတ်ကာလအလိုက် ထုတ်ချေးဆောင်ရွက်ပေးနေမှု၊ ပြန်လည်ပေးဆပ်မှု၊ ချိန်စေ့ကြွေး ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းကောက်ယူ၍ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်နေမှုနှင့် ပြန်လည်ပေးဆပ်နိုင်ရေး အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် မန်နေဂျာများက မြို့နယ်အလိုက် စိုက်ပျိုးရေးစရိတ် ချေးငွေးများ ထုတ်ချေးထားရှိမှု၊ ပြန်လည်ပေးဆပ်မှုနှင့် ချိန်စေ့ကြွေး ကျန်စာရင်းများကျန်ရှိမှု လုပ်ငန်းအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment