ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ရေကြီးမှု၊ ရေဝင်ရောက်မှု ရှိ၊မရှိ မြို့နယ်စီမံအုပ်ချုပ်‌ ရေးဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု့စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ရေကြီးမှု၊ ရေဝင်ရောက်မှု ရှိ၊မရှိ မြို့နယ်စီမံအုပ်ချုပ်‌ ရေးဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု့စစ်ဆေး


MNP ၊ အောက်တိုဘာ   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု၊ ရေဝင်ရောက်မှု ရှိ၊မရှိကို ယမန်နေ့နံနက် ၁၀ အချိန်တွင် မြို့နယ်အတွင်းရှိ ရေဝင်ရောက်နိုင်သောရပ်ကွက်များနှင့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဉက္ကဋ္ဌဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များဖြစ်သော ငမိုးရိပ်ချောင်းနှင့် နီးကပ်စွာတည်ရှိသည့် (၃၃)ရပ်ကွက်၊ (၅၁)ရပ်ကွက်တို့တွင် ကမ်းနားသို့ရေရောက်ရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့နယ်အတွင်း ရေထွက်ပေါက်များတွင် အမှိုက်များပိတ်ဆို့နေခြင်းရှိမရှိ၊  ရေစီးဆင်းမှုများ‌ ကောင်းမွန်မှုရှိမရှိတို့ကို စစ်‌ဆေးကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။


ဆက်လက်၍ ရေဝင်ရောက်သည့် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းပိတ်ထားရခြင်းရှိမရှိနှင့်  ရေဝင်ရောက်မှုအ‌ခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)