နတ်မောက်မြို့နယ်၌ ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်


MNP ၊ အောက်တိုဘာ    ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


“နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများ လူနေမှုဘ၀တိုးတက်မြင့်မားရေး၊ စိုက်ပျိုရေးဗဟုသုများရရှိပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်တို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ဒါအပြင် ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း  မျက်ခြေမပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ခြင်း၊ ရာသီဥတုရေမြေနဲ့ကိုက်ညီတဲ့ အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာပံ့ပိုးပေးနိုင်ရေး၊ နည်းစနစ်များဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။


နတ်မောက်မြို့နယ်တွင် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပထမမိုးသီးနှံစိုက်ပျိုးပြီး ဒုတိယသီးထပ်စိုက်ပျိုးခြင်း၊ ပဲစင်းငုံသီးထပ်စိုက်ပျိုးဧရိယာများတွင် ဒုတိယသီးထပ်ပြန်လည်စိုက်ပျိုးနိုင်ရေး မြိုနယ်စိုက်ပျိုးဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ မိုးနှမ်း၊ ပဲစင်းငုံသီးညှပ်စိုက်ဧရိယာများတွင် မိုးနှမ်းရိတ်သိမ်းပြီး ဆောင်းပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ အချိန်မီစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)