မကွေးတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင် ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (ပဲစဉ်ငုံ+နေကြာ) သီးညှပ်၊ သီးထပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင် ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (ပဲစဉ်ငုံ+နေကြာ) သီးညှပ်၊ သီးထပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံ




MNP ၊ အောက်တိုဘာ    ၁၃

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင်)ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်(၁၃)ဧကနှင့် မိုးနှမ်းရိတ်သိမ်းပြီး (ပဲစဉ်ငုံ+နေကြာ)သီးညှပ်၊သီးထပ် စိုက်ပျိုးခြင်းစံပြကွက် (၁၁)ဧက ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီက ဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင်)ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်(၁၃)ဧကတွင် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်စိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က ရှင်းလင်းပြသပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က သရက်မြို့နယ်၏ လယ်ယာကဏ္ဍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို တင်ပြပေးခဲ့သည်။


ထို့နောက် ကျေးရွာနေတောင်သူများ၏ တာဝါတိုင်ရရှိရေးနှင့် ကျေးလက်လမ်းရေကျော်များမှုများအား ဆွေးနွေးရာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာနေတောင်သူများ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးတတ်စေရန်နှင့် ရွှေတောင်(၈)၊ (၁၀) စိုက်ပျိုးထားရှိမှု တွေ့ရှိရ၍ ဝမ်းသာမိပါကြောင်းနှင့် မြေယာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် ပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများကလည်း တစ်သီးစားစိုက်ပျိုးခြင်းမဟုတ်ဘဲ နှစ်သီးသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားစိုက်ပျိုးကြရန် လိုအပ်ကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)