MNP ၊ အောက်တိုဘာ ၂၆
မြန်အောင်မြို့နယ်အသင်း(ရန်ကုန်)မှ မြန်အောင်မြို့နယ်အတွင်းရှိ သံဃဒါနဆွမ်းသင်းများ၊ ဘုရားစေတီများ၊ ပရဟိတကျောင်းများ၊ ဘိုးဘွားရိပ်သာနှင့် စာတော်ပြန်ပွဲကျင်းပသည့် ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် ကြာသာပတေးဆွမ်းကျောင်း၌ ကျင်းပခဲ့သည်။
အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် မြန်အောင်မြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ကျော်ကျော်နှင့်ဦးသောင်းတို့က အသင်း၏ လှူဒါန်းမှုများကို ရှင်းလင်းပြောကြားပြီး မြန်အောင်မြို့နယ်အသင်း (ရန်ကုန်)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံဃဒါနဆွမ်းကျောင်း(၇) ကျောင်းအတွက်တစ်ကျောင်းလျှင် (၂၀၀၀၀၀) ကျပ်၊ ဘုရားစေတီ(၁၂)ဆူ တစ်ဆူလျင် (၁၀၀၀၀၀) ကျပ်၊ ပရဟိတကျောင်း (၂)ကျောင်း တစ်ကျောင်းလျင် (၁၀၀၀၀၀)ကျပ်၊ မြန်အောင်ဘိုးဘွားရိပ်သာအတွက် (၁၀၀၀၀၀) ကျပ်၊ စာတော်ပြန်ပွဲကျင်းပသည့်ကျောင်း (၂) ကျောင်း တစ်ကျောင်းလျင် (၁၀၀၀၀၀) ကျပ်နှင့်သီလရှင် အပါး (၂၀၀)ကျော်တို့အား တစ်ပါးလျင် (၁၀၀၀) ကျပ်တို့ဖြင့် စုပေါင်းလှူဒါန်းခဲ့ရာ သက်ဆိုင်ရာဘုရားကျောင်း ကန်တို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်
https://t.me/MyanmarNationalPost


No comments:
Post a Comment