MNP ၊ အောက်တိုဘာ ၉
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက် ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများလာကြောင်း ဖီးကြမ်းငှက်ပျောစိုက်တောင်သူများထံကသိရသည်။
ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုကျေး ရွာများ သည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျောတစ်မျိုးထဲသာစိုက်ပျိုးကြပြီး ငှက်ပျော ပေါ်ချိန်ရောင်းအားကောင်းတာကလည်း ဖီးကြမ်းငှက်ပျောသာရောင်းအားပိုပြီး ဈေးနှုန်းလည်း ရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှုမရှိသလောက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအေးကိုကပြောသည်။ ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်းစိုက်ပျိုးသည့် သူများက ငှက်ပျောသားတက်မထားကြပဲအပင်အားလုံးအသီးသီး ပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်းနှစ်ပင်စိုက်တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြကြောင်းသိရသည်။ ငှက်ပျောပေါ်ချိန်သည်လည်း စိုက်ပြီး ဆယ်လ၊ဆယ့်တစ်လတွင် ပေါ်ကြောင်း ထွက်ရှိလာသည့် ဖီးကြမ်း ငှက်ပျောများအား ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းပွဲစားများက ငှက်ပျောခြံထိလာ ရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေ ပေါ်အုပ်စုအတွင်းကျေးရွာများ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများလာကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment