ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆောင်းပြောင်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆောင်းပြောင်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်


MNP ၊ အောက်တိုဘာ   ၁၀

လူငယ်၊ လူရွယ်များ၊ ​ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်​ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆောင်းပြောင်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အ.ထ.က ဆောင်းပြောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက  အမှာစကားပြောကြား​ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က လူငယ်နှင့်ဗလငါးတန်ပြည့်စုံစေရေးအကြောင်းများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ဇင်မာခိုင်က လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဆိုင်ရာအကြောင်းများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။


ယင်းနောက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အ.ထ.က ဆောင်းပြောင်းကျောင်းခန်းမတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ နည်းနာနိဿယ (၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ ဘိန်းစိုက်​ပျိုးမှု၊ မူးယစ်​ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က ဟောပြောခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)