MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေသန့်စက်ရုံ များ အား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ နေ့လယ် ၃ နာရီ အချိန် က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စိုးနိုင် ဦးဆောင်၍ တပ် ဖွဲ့ဝင်များက ဝေသာလီရပ်ကွက် အတွင်းရှိ MD plus ရေသန့်စက်ရုံအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွား စေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျအသုံးပြုစေရေး ၊လျှပ်စစ်မီးသုံးစွဲရာတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အ ရည်အသွေး ကောင်းမွန်သော အမျိုးအစားများ သုံးစွဲကြပါရန် နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း နှင့် မတော် တဆ မီးလောင် မှုဖြစ်ပွားပါကလည်း မြို့နယ် မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက် သွယ် ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြား ခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment