မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိပညာပေးဟောပြောပွဲကျင်းပ




MNP ၊ အောက်တိုဘာ    ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိ ပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် မြောက်ဦးမြို့နယ် ဘုရားအုပ်ကျေးရွာရှိ အ.မ.က(မူလွန်) ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးကျော်ဆန်းနိုင် က "ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့" အကြောင်းကို ဟောပြောရာတွင် ပလစ်စတစ်နှင့် ဆက်စပ်အမှိုက်များ၏ ဆိုးကျိုးများအကြောင်း၊ အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဖြစ်ပွားနိုင် သော ရောဂါများအကြောင်း၊သာမာန်အမှိုက်နှင့် ပလတ်စတစ်ရောနှောပစ္စည်း အမှိုက်များ ဆွေးမြေ့မည့် ကြာမြင့်ချိန်၊  ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်မည့်နည်းလမ်းများ စသော အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားခဲ့သည်။


အဆိုပါ  အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၉၀) ဦးခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)