ပူတင်သည် မော်စကိုတွင် ဟားမတ်စ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတင်သည် မော်စကိုတွင် ဟားမတ်စ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြား


မော်စကို၊ အောက်တိုဘာ ၂၆

လက်ရှိ မော်စကိုသို့ လာရောက်သည့် ဟားမတ်စ် ကိုယ်စားလှယ်နှင့် စေ့စပ်ညှိနှိုင်းမှုသည် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်တွင် ရှိကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်များအား ပြောကြားခဲ့သည်။

“မဟုတ်ဘူး၊ အဆက်အသွယ်တွေ အားလုံးက နိုင်ငံခြားရေး ဝန်ကြီးအဆင့်မှာ ဆက်လုပ်နေတယ်” ဟု TASS မှ မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ၎င်းက ပြောသည်။

ယခင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဟားမတ်စ် လှုပ်ရှားမှု ကိုယ်စားလှယ်များသည် မော်စကိုသို့ အလည်အပတ် ရောက်ရှိနေကြောင်း ကြေညာခဲ့သည်။ ဟားမတ်စ်အဖွဲ့သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ အထူးကိုယ်စားလှယ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov နှင့် တွေ့ဆုံခဲ့သည်။ အထူးသဖြင့် ရုရှားဖက်က အစည်းအဝေးအတွင်း ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ရုရှားနိုင်ငံသားတွေကို ဂါဇာကမ်းမြှောင်ကနေ ရွှေ့ပြောင်းပေးဖို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)