မော်စကို၊ အောက်တိုဘာ ၂၆
လက်ရှိ မော်စကိုသို့ လာရောက်သည့် ဟားမတ်စ် ကိုယ်စားလှယ်နှင့် စေ့စပ်ညှိနှိုင်းမှုသည် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်တွင် ရှိကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်များအား ပြောကြားခဲ့သည်။
“မဟုတ်ဘူး၊ အဆက်အသွယ်တွေ အားလုံးက နိုင်ငံခြားရေး ဝန်ကြီးအဆင့်မှာ ဆက်လုပ်နေတယ်” ဟု TASS မှ မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ၎င်းက ပြောသည်။
ယခင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဟားမတ်စ် လှုပ်ရှားမှု ကိုယ်စားလှယ်များသည် မော်စကိုသို့ အလည်အပတ် ရောက်ရှိနေကြောင်း ကြေညာခဲ့သည်။ ဟားမတ်စ်အဖွဲ့သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ အထူးကိုယ်စားလှယ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Bogdanov နှင့် တွေ့ဆုံခဲ့သည်။ အထူးသဖြင့် ရုရှားဖက်က အစည်းအဝေးအတွင်း ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ရုရှားနိုင်ငံသားတွေကို ဂါဇာကမ်းမြှောင်ကနေ ရွှေ့ပြောင်းပေးဖို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment