ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ဟာဗားနားမြို့၊ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ဟာဗားနားမြို့၊ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်



MNP ၊ အောက်တိုဘာ ၂၇

ဟာဗားနားမြို့ Palacuo de los Capitanes Generales (Plaza de Armas) ၌ ၂၄-၁၀-၂၀၂၃ ရက်နေ့ (၁၅:၃၀)နာရီတွင် ကျူးဘားနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Dr. Francisco Pichon နှင့် ကျူးဘားနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ ဌာနေကိုယ်စားလှယ်အဖွဲ့ရုံးများ ပူးပေါင်းကျင်းပသည့် ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ဟာဗားနားမြို့၊ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ကျူးဘားနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Dr. Francisco Pichon မှ နှုတ်ခွန်းဆက်စကားပြောကြား၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟာဗားနားအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံ ဌာနေရုံးများမှ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)