MNP ၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ တပ်မတော်၏ တပ်စခန်းများအား KIA အကြမ်းဖက်အဖွဲ့၏ မဟာမိတ် အကြမ်းဖက်အဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ဘက်အသိုင်းအဝိုင်းသတင်းများအရ သိရသည်။
KIA အကြမ်းဖက်အဖွဲ့၏ မဟာမိတ် အကြမ်းဖက်အဖွဲ့များက လားရှိး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် တို့တွင် တပ်မတော် တပ်စွဲနေရာများအားလုံးကို အကြမ်းဖက်အဖွဲများက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ တပ်မတော်သားများ၏ ပြန်လည်နှိမ်နင်းမှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများစွာကျဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင် - နောင်ချို ကြား ကားလမ်းမပေါ်သို့ KIA အကြမ်းဖက်အဖွဲ့၏ သြဇာခံ TNLA နှင့် PDF အကြမ်းဖက်အုပ်စုက ချည်းကပ်လာပြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်ရေးလေ့လာသူတစ်ဦး က "တပ်မတော်က မီးနဲ့ ကစားတာ။ ဒါမျိုးက ကြာရှည်မကစားသင့်ဘူးလို့ မြင်တာပေါ့ဗျာ။ ဘာကြောင့်လည်း ဆိုတော့ အကြမ်းဖက်အဖွဲ့များမှာ ဥပဒေမရှိဘူး။ စည်းကမ်းမရှိဘူး။ စစ်ရေး ပစ်မှတ် ဟုတ်တာ၊ မဟုတ်တာ မသိဘူး။ အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝအတိုင်း ထင်ရာမြင်ရာ ပစ်ခတ်တိုက်ခိုက်တာမျိုးပဲ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သေဆုံးခဲ့ရတာကို ကြည့်ရင် အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝက တပ်၊ ရဲ၊ ဝန်ထမ်းတွေကိုသာ ပစ်မှတ်ထားတာ မဟုတ်ဘူး။ တပ်စခန်း၊ ရဲစခန်းကို ဝင်ပစ်တဲ့အခါ လက်နက်ရှိတော့ ခုခံခြေမှုန်းနိုင်တာပေါ့။ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတော့ မကူနိုင်၊ မကယ်နိုင်ဖြစ်ခဲ့ရတာတွေ ရှိတယ်။ ငါးပွက်ရာ ငါးစာလိုက်ချနေတာမျိုး မလုပ်စေချင်တော့ဘူး။ ပြည်သူကို မျက်နှာမူတယ်ဆိုရင် အကြမ်းဖက်နှိမ်နင်းရေးက ပြတ်ပြတ်သားသား လုပ်သင့်တဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။ ပြည်သူတွေကို စစ်နဲ့ ယဉ်ပါးအောင် ထားတာမျိုးက အန္တရာယ်များလွန်းပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment