ပေကျင်း၊ အောက်တိုဘာ ၂၅
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ပံ့ပိုးကူညီရေးနှင့် ဘုံသာယာဝပြောမှုအတွက် တွန်းအားပေးရေးအတွက် ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် ညစာစားပွဲသို့ ပေးပို့သော သဝဏ်လွှာတွင် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်နိုင်ငံ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု အခြေခံမူ ၃ ချက်အရ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု၊ ကွဲပြားမှုအမျိုးမျိုးကို သင့်တင့်လျောက်ပတ်သော စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လိုက်လျောညီထွေရှိစေရန် ပူးတွဲကြိုးပမ်းအားထုတ်ရန်၊ တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ပံ့ပိုးကူညီရန်၊ ဘုံသာယာဝပြောမှုကို တွန်းအားပေးဖော်ဆောင်ရန်၊ နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ရှီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment