ဘိုကလေးမြို့နယ်တွင် မိုးအကုန် ဆောင်းအကူးကာလ ဘဲမွေးမြူသူများ ဘဲဥဈေးကောင်းရရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် မိုးအကုန် ဆောင်းအကူးကာလ ဘဲမွေးမြူသူများ ဘဲဥဈေးကောင်းရရှိနေ


MNP ၊ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်၍ အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ယခုအချိန် မိုးအကုန် ဆောင်းအကူးကာလ၌ ဈေးကွက်အတွင်း ဘဲဥဈေးကောင်းရရှိလျက်ရှိသည်။


ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရာတွင် ဘဲမအကောင်ရေ (၂၀၀)မှ (၅၀၀)အထိ မွေးမြူကြပြီး ဘဲမအကောင်ရေ (၂၀၀) မွေးမြူထားသူသည် တစ်နေ့လျှင် ဘဲဥ (၁၅၀)လုံး ခန့် ရရှိကြောင်း၊ အဆိုပါ ဘဲဥများအား ယခုကာလ၌ ဈေးကွက် အတွင်းရောင်းချပါက တစ်လုံးလျှင် (၃၀၀)ကျပ်နှုန်းမှ (၃၅၀)ကျပ်အထိ ရောင်းချရပြီး အနည်းဆုံး ဘဲမအကောင်ရေ (၂၀၀)ခန့် မွေးမြူသူ အနေဖြင့် တစ်ရက် လျှင် ငွေကျပ်(၄၅၀၀၀)နှင့် အထက် နေ့စဉ်အပိုဝင်ငွေရရှိလျက်ရှိသည်။


တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ဘဲမွေးမြူသူတစ်ဦးမှ "ဘဲမတွေက အသက် (၅)လကနေစပြီး အသက်(၃)နှစ် ကျော်အထိ ဥလေ့ရှိပါတယ်၊ ဘဲမွေးမြူဖို့ တော်ရုံတန်ရုံ ဝါးခြံလောက် ဆောက်ထားရင် မွေးလို့ရပြီး လယ်ကွင်းတွေ၊ ချောင်း၊ မြောင်းတွေထဲမှာပဲ လွှတ်ကျောင်းထားကြတာများပါတယ်၊ အစာအနေနဲ့က ဘဲအရွယ်ငယ်တဲ့အချိန်မှာ ထမင်း၊ ဖွဲနုကျွေးရပြီးတော့ လွှတ်ကျောင်းတဲ့အရွယ် ရောက်ရင် လယ်ထဲ၊ ချောင်းထဲက ခရု၊ တီကောင်၊ ရေမှော်နဲ့ ပိုးကောင်မွှားကောင်များကို ရှာဖွေစားသောက်ကြ တက်ပါတယ်" ဟု ပြောကြား သည်။


ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ ငါးပုံတစ်ပုံခန့်သည် အပိုဝင်ငွေ ရရှိရေးအတွက် ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လေ့ရှိပြီး ဘဲဥများကို အရောင်းအဝယ် ဒိုင်များသို့ ရောင်းချခြင်း၊ ဓာတ်ဘဲဖောက်ဆိုင်များသို့ ရောင်းချခြင်း၊ ဈေးကွက်များသို့ တင်သွင်းဖြန့်ဖြူးခြင်းများနှင့် ဘဲထီးများ၊ အရွယ်လွန်၍ မဥနိုင်တော့သည့် ဘဲမများအား အသားဈေးဖြင့် ဈေးကွက်သို့ရောင်းချခြင်းဖြင့် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် ဘဲဥဈေးကောင်းရရှိကာ အပိုဝင်ငွေများ နေ့စဉ်ရရှိလျက်ရှိကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)