အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ၌ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ၌ အသိပညာပေး ဟောပြောပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၁၆

      ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့ နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ခရိုင်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာ တို့ပူးပေါင်း၍  အသိပညာပေးဟော ပြော ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။


     အဆိုပါ  အသိပညာ​ပေးဟောပြောပွဲသို့ ခရိုင်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဒေါ်ဝင်းသီရိကျော်နှင့် အဖွဲ့ဝင် ဒေါ် ဂျူးဂျူးလွင်၊ ဦးဉာဏ်ထွန်း၊မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမျိုးကြည်၊အမှတ် (၂) ယာဥ်ထိမ်းရဲတပ် ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦး၊မြိုနယ်ပြန် ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်း ၊အမ်းမြောက်ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များဒိုင် ကြီးကျေးရွာသူကျေး ရွာသားများတက်ရောက်ခဲ့သည်။


   အဆိုပါ  အသိပညာပေးဟောပြောပွဲ တွင် ခရိုင်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဒေါ်ဝင်းသီရိကျော်နှင့် အဖွဲ့ဝင် ဒေါ် ဂျူးဂျူးလွင်တို့ကအိမ်တွင်းအကြမ်းဖက်မှု ၊ မူးယစ်သေစာသောက်စားပြီး ညစ်ညမ်းသည့်စကားဖြင့် ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ သူတစ်ပါး ၏ ဂုတ်သိက္ခာထိခိုက်စေသည့် အပြုအမှုများ မပြုလုပ်စေရန်၊ အကျင်လင်မရား ကွာခြင်း ပြတ်စဲခြင်း ဥပဒေဆိုင် ရာ အကြောင်းအရာကိစ္စရပ်များ၊ ကာမလိမ် လည်မှု ဥပဒေဆိုင်ရာ အကြောင်းအရာကိစ္စရပ်များကိုလည်းကောင်း၊မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမျိုးကြည် မှရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကိုလည်းကောင်း၊မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်မှုးဒုရဲအုပ် သန့်ဇင်ဦးက ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊မြို့နယ်ပြန်ဆက်ဦးစီးမှူးဦးစန်းဝင်း က ကျေးရွာ စာကြည့်တိုက်များရှင်သန်ထက်မြက်ရေးရေးနှင့်စာဖတ်ရှိန်မြှှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အားဆွေးနွေးဟောပြောခဲ့သည်။


  ဆက်လက်၍  ဒေသခံပြည် သူများက  ဥပဒေဆိုင်ရာအကြောင်း အရာကိစ္စရပ်များ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့်စာကြည့်တိုက်များရှင်သန်ခိုင်မာရေးကိစ္စရပ်များအားမေးမြန်းကြရာ တာဝန် ရှိ သူများက ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဥပဒေရေးရာလက်ကမ်းစာစောင်၊ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးစာစောင်အားဖြန်ဝေပေးကာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များအားလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။


   

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)