ဘုတလင်မြို့နယ်တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် ပြစ်ဒဏ်များချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြို့နယ်တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် ပြစ်ဒဏ်များချမှတ်


MNP ၊ အောက်တိုဘာ ၆

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့များကို ထောက်ခံအားပေးပြီး အကြမ်းဖက်လှုံ့ဆော်ခြင်း၊ အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသူများအား ဖမ်းဆီးထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသူတချို့အား သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

၄-၁၀-၂၀၂၃ ရက်နေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တရားရုံးတွင် တရားခံများအား ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

၁။ ရေဦးမြို့နယ်၊ ပလူဇဝကျေးရွာတွင် နေထိုင်လျက်ရှိပြီး ၎င်းကိုင်ဆောင်သော ဖုန်းအတွင်းမှ AK-47 သေနတ်ကိုင်ဆောင်ထားသည့် ဓာတ်ပုံအား‌တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သော အကြမ်းဖက်သမားတစ်ဦး ဖြစ်သည့် တရားခံ အောင်သူရကျော် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၂။ ဘုတလင်မြို့နယ်၊ မြောက်ကျီကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံ လုံခြုံတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများအား သတင်းပေးခဲ့ခြင်းနှင့် အကြမ်းဖက်စခန်းသို့ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် တရားခံ ကျော်ထက်နိုင်(ခ)ကိုထက် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၃။ ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သင်တန်းတက်ရောက်၍ နတ်ရွာကျေးရွာ PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဖြစ်သည့်  တရားခံ အောင်ကျော်သူ အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၄။ အရာတော်မြို့နယ်၊ သံပုရာကျင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဘုတလင်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဒေသန္တရလက်လုပ်မိုင်းပြုလုပ်သည့် သင်တန်းတက်ရောက်ခဲ့ပြီး သံပုရာကျင်းကျေးရွာ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တရားခံ အောင်မြင့်ထွန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၅။ မုံရွာမြို့နယ်၊ အလုံမြို့၊ ဗုံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်းကိုင်ဆောင်သော Memory Card အတွင်းမှ ကင်းစမ်းကျေးရွာ PDF အကြမ်းဖက်သမားများ ကင်းစောင့်နေသည့်နေရာတွင် လက်လုပ်တူမီးသေနတ်ဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုရှိသည့် တရားခံ ဇော်ဝင်းထွန်း(ခ)အငယ်လေး အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၆။ ဘုတလင်မြို့နယ်၊ လွှတဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သင်တန်းတက်ရောက်၍ လက်လုပ်မိုင်းများပြုလုပ် စမ်းသပ်ဖောက်ခွဲခဲ့ခြင်းနှင့် အကြမ်းဖက်သင်တန်း ပြန်လည်ပိုချပေးခဲ့သည့် တရားခံ ဇင်မျိုးလှိုင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၇။ ဘုတလင်မြို့နယ်၊ လွှတဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများ၊ စစ်ဆေးနေမှုများအား အကြမ်းဖက်သမားများထံ ဆက်သွယ်သတင်းပေးပိုခဲ့သည့် တရားခံ ထွန်းလွင်အေး(ခ) ဗေလုဝ နှင့် တင့်နိုင်ဝင်း တိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၈။ မုံရွာမြို့၊ မြိုသစ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းမှ CDM ပြုလုပ်ခဲ့ပြီး  ကြို့ကုန်းကျေးရွာတွင် NUG ၏ ပညာရေးစုံညီပွဲတော်သို့ တက်ရောက် ခဲ့သည့် တရားခံ နှင်းအိလှိုင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)