ပြန်ပေးဆွဲခံထားရသော အစ္စရေးမိသားစုဝင်များအား ပြန်မလွှတ်လျှင် ဂါဇာကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးမည်မဟုတ်ကြောင်း အစ္စရေး စွမ်းအင်ဝန်ကြီးပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ပေးဆွဲခံထားရသော အစ္စရေးမိသားစုဝင်များအား ပြန်မလွှတ်လျှင် ဂါဇာကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးမည်မဟုတ်ကြောင်း အစ္စရေး စွမ်းအင်ဝန်ကြီးပြော



MNP ၊ အောက်တိုဘာ ၁၂

ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို မလွှတ်ပေးဘူးဆိုရင် အစ္စရေးက ဂါဇာကို ထိန်းချုပ်ထားမှာဖြစ်ကြောင်း အစ္စရေး စွမ်းအင်ဝန်ကြီး Katz က ကြာသပတေးနေ့မှာ ပြောပါတယ်။ စနေနေ့က ဟားမတ်စ်စစ်သွေးကြွများ၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုအပြီး အစ္စရေးအာဏာပိုင်များက ပါလက်စတိုင်းနယ်မြေအတွင်း ရေ၊ လောင်စာနှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

"ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာမှုအကူအညီများ ဖြစ်သည့် လျှပ်စစ်နှင့် ရေ ခလုတ်များကို ပြန်ဖွင့် ပေးမည်မဟုတ်ပါ။ ပြန်ပေးဆွဲခံထားရသည့် အစ္စရေးမိသားစုဝင်များ အိမ်မပြန်နိုင်သ၍ ဖွင့်ပေးမည်မဟုတ်ပါ” ဟု X လူမှုကွန်ရက်တွင် Katz  မှ ရေးသားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် လျှပ်စစ်၊ ရေနှင့် လောင်စာဆီများကို အစ္စရေးက နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ကြီး၏ ယခင်ရေးသားချက်တွင် ဖော်ပြခဲ့သည်။ ကျေးဇူးတင်ပါတယ်လို့ ပြောမယ့်အစား သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ပြန်ပေးဆွဲဖို့ ထောင်နဲ့ချီတဲ့ လူ့တိရစ္ဆာန်တွေကို စေလွှတ်ခဲ့ပါတယ်” ဟု Katz က ပြောကြားပြီး အစ္စရေးကို ကမ္ဘာ့မြေပေါ်မှ ပျောက်ကွယ်သွားစေရန် ဟားမတ်စ်တို့က ခြိမ်းခြောက်နေသ၍ အစ္စရေးက ဂါဇာကို ဆက်လက်တင်းကျပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသအား ပိတ်ဆို့ထားမှုအခြေအနေနှင့် ပတ်သက်၍ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က တနင်္လာနေ့တွင် ကနဦးကြေညာခဲ့ပြီး ဂါဇာကမ်းမြှောင်အား လုံးလုံးလျားလျား ဝိုင်းရံထားရန် အမိန့်ပေးထားပြီး လျှပ်စစ်မီးမရှိ၊ စားစရာမရှိ၊ လောင်စာဆီနှင့် ရေလည်းမရှိဟု ပြောကြားခဲ့ပါတယ်။

"ကျွန်ုပ်တို့သည် လူသားတိရိစ္ဆာန်များကို တိုက်ခိုက်နေပြီး လိုက်လျောညီထွေ ပြုမူနေပါသည်" ဟု Gallant မှ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ EU နဲ့ UN နှစ်ခုစလုံးက ဂါဇာမှာ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ဂါဇာက အရပ်သားတွေကို စားနပ်ရိက္ခာ၊ ရေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ အင်္ဂါနေ့မှာ EU နိုင်ငံခြားရေးမူဝါဒ ကော်မရှင်နာ Josep Borrell က ပြောပါတယ်။


Ref - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)