MNP ၊ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁) ရပ်ကွက် ဝိဝေကာရာမ ကျောင်းတိုက်ဓမ္မာရုံတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဆင်နှင့် လူ သဟဇာတဖြစ်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် GBP (NGO) အဖွဲ့ မျိုးဆက်သစ်များကို သဘာဝသယံဇာတတွေကို လက်ဆင့်ကမ်း မျှဝေထိန်းသိမ်းပေးရန် ရည်ရွယ်တဲ့အဖွဲ့မှ ဆင်နှင့် ထိစပ်မှုရှိသည့် ရွှေသောင်ယံ မြို့ အမှတ်(၁) ရပ်ကွက်အတွင်း လာရောက်၍ ဆင်အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အသိပညာပေး ဗဟုသုတများကို ဟောပြောပို့ချခဲ့သည်။
ဟောပြောပွဲသို့ GBP အဖွဲ့သားများနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လယ်သမားများ၊ တောင်ယာစိုက်ခင်းသမားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ ဆင်နှင့် လူ သဟဇာတဖြစ်ရေးဆွေးနွေးရာတွင် သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment