MNP ၊ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်း ပွဲတော်ကို အရောင်းဆိုင်ခန်းများဖြင့် အောက်တိုဘာလ (၂၇) ရက်မှ အောက်တိုဘာလ (၃၀)ရက်အထိ နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည့်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်းပွဲဖြစ်မြောက်ရေးဦးစီးကော်မတီ က ကြေညာထားသည်။
သီတင်းကျွတ်ဈေးရောင်းပွဲတော်ကြီးတွင် ဆိုင်ခန်းပေါင်း (၅၀၀)ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များနှင့် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်သည်။
ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ DJ၊ Dancer များ၏ ဖျော်ဖြေမှူများကိုအားပါးတရ ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။
ပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ပွဲတော်လာ ပြည်သူများသွားလာရေး လွယ်ကူစေရန်အတွက် အကြို/အပို့ ကားများကိုလည်း စီစဉ်ထားရှိမည်ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့များတွင်လည်း မီးရှူး၊ မီးပန်းများပစ်ဖောက် မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မည်သူမဆိုပျော်ရွှင်စွာဖြင့် လာရောက် ဆင်နွှဲနိုင်ပါကြောင်းအသိပေး ကြေညာအပ်ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment