မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ အောက်တိုဘာ ၃၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၏ ဘဏ်နှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များအား ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အများပြည်သူသို့ အသိပညာပေးရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ငွေကြေးလိမ်လည်မှုများကို အချိန်မီ တားဆီးနိုင်ရေးနှင့် အရေးယူမှု မြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရေးဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်း‌ဆွေ၊ မိုဘိုင်း ငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ (FIU)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများနှင့် စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက် ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedure - SOP) အပေါ် ဌာနဆိုင်ရာများ ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရေး၊ ငွေကြေးလိမ်လည်မှုများ အချိန်မီ တားဆီးနိုင်ရေးနှင့် အရေးယူမှု မြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ငွေကြေး လိမ်လည်မှုဆိုင်ရာ အသိပညာပေး အစီအစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန် မှာကြားသည်။ 


ထို့နောက် အစည်းအဝေး တက်ရောက်သူများက ငွေကြေး လိမ်လည်မှုများ အချိန်မီ  တားဆီးနိုင်ရေးနှင့် အရေးယူမှု မြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရေးနှင့် အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ငွေကြေး လိမ်လည်မှုနှင့် စပ်လျဉ်း၍ အများပြည်သူ အလွယ်တကူ သိရှိနိုင်စေရန် မိုဘိုင်းပေး Website များတွင် အသိပေး ဖော်ပြထားမှုများ၊ Social Media အသုံးပြု၍ အသိပညာပေး အစီအစဉ် ဆောင်ရွက်နေမှုများ၊ ငွေကြေး လိမ်လည်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မိုဘိုင်းပေးချေမှုဆိုင်ရာ အသုံးပြုသူများ အလွှာအသီးသီးမှ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ငွေကြေးလိမ်လည်မှုများ တားဆီးအရေးယူမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) အနေဖြင့် ငွေကြေး လိမ်လည်မှုဖြစ်သည်နှင့် တစ်ပြိုင်တည်း ချက်ချင်း ထိရောက်စွာ တားဆီးဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ အသိပညာပေးမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ပြည်သူလူထုတစ်ရပ်လုံး သိရှိနိုင်စေရန် ငွေကြေး လိမ်လည်မှုများကို ဖြစ်စဉ်တစ်ခုချင်းစီအလိုက် နမူနာထားပြီး ဝန်ဆောင်မှုပေးသူများ အစုအဖွဲ့၊ အသုံးပြုသူများ အစုအဖွဲ့၊ ဥပဒေစည်းမျဉ်း ထိန်းကျောင်းသူများ အစုအဖွဲ့များမှ ရှင်းလင်းလွယ်ကူစွာ အသိပေးရန် လိုအပ်ကြောင်း ဆွေးနွေးအကြံပြုခဲ့သည်။ 


ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းက  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတွင် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန၏ Onsite Team များမှ အရာထမ်းများနှင့် တွေ့ဆုံသည်။  

တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနရှိ အရာထမ်း/အမှုထမ်းများ အနေဖြင့် ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ညွှန်ကြားချက်များ ပြဌာန်းချက်များနှင့်အညီ စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ Onsite Examination Manual ပါ Risk-based Supervision နည်းလမ်းများ၊ Offsite မှ ရရှိသည့် သတင်းအချက် အလက်များနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများအရ စစ်ဆေးပြီး စစ်ဆေးထားသည့် အစီရင်ခံစာများ ကြန့်ကြာမှုမရှိစေဘဲ သက်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများကို ဖြန့်ဝေအသိပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က Onsite Team ဖွဲ့စည်းထားမှုအခြေအနေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများအား Onsite စစ်ဆေးပြီးသည့် အခြေအနေ၊ ဆက်လက်စစ်ဆေးမည့် Onsite Examination Plan များကို တင်ပြဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးများက ၎င်းတို့ စစ်ဆေးပြီးသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ဆက်လက်စစ်ဆေးမည့် ငွေရေးကြေးရေး အဖွဲ့အစည်းဆိုင်ရာများကို တင်ပြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)