Welcome Russia FAM Trip အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

Welcome Russia FAM Trip အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

 





ရန်ကုန် အောက်တိုဘာ ၃၁

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသ များသို့ ရုရှားခရီးသွားဧည့်သည် များ ပိုမိုသိရှိလာရောက်လည်ပတ် စေရန်နှင့် မြန်မာနိုင်ငံ၏ အထင် ကရ နေရာဒေသများသို့ ခရီးသွား ဆွဲဆောင်မှုများကို ရုရှားခရီးသွား ဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီး ကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Fam Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံ သို့ ဖိတ်ခေါ်ခဲ့သည့် ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ရုရှားခရီးသွား ကိုယ်စားလှယ်များ၏ အတွေ့ အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန် မြို့ရှိ Chatrium Hotel Royal Lake Yangon ၌ ကျင်းပသည်။ 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးက သံအမတ်ကြီးနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများက တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုကို ပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အမှာစကားပြောကြားကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး က ကိုယ်စားလှယ်တစ်ဦးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။

ထို့နောက် FAM Trip ခရီးစဉ် သွားရောက်လည်ပတ်ခဲ့သော ခရီးသည်များ(ကိုယ်စား) ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး သိရှိလိုသူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ရုရှားခရီးသည်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး 

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)