MNP ၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားများအား (၂၀၂၂−၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အစုပေါ်အမြတ်နှင့် (၂၀၂၃−၂၀၂၄) ဘဏ္ဍာရေးနှစ်ပထမ(၆)လအတွက် စုဆောင်းငွေပေါ်အတိုးများကို ယမန်နေ့ နံနက်ပိုင်းအချိန်က ထုတ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူ့ဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းဝင်ထားသော အသင်းသားများအား ၎င်းတို့၏ စုဆောင်းထားရှိသော ငွေပမာဏနူန်းထားအပေါ်မူတည်၍ ရရှိသော အတိုးငွေများကို ထုတ်ပေးခြင်းဖြစ်သည်။ အစုပေါ်အမြတ် (၂၀၂၂−၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အသင်းသား(၄၉၅)ဦးအား ငွေကျပ်(၁၉၈၀၀၀၀)နှင့် (၂၀၂၃−၂၀၂၄) ဘဏ္ဍာရေးနှစ် အတွက် စုဆောင်းငွေပေါ်အတိုးပထမ (၆) လအတွက် အသင်းသား(၅၁၁)ဦးအား ငွေကျပ် (၂၃၃၂၂၅၄၅) ကျပ် ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဝန်ထမ်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဉက္ကဌထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment