မက်မန်းမြို့နယ်တွင် မြို့ရှောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့နယ်တွင် မြို့ရှောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၄

ရှမ်းပြည်နယ်(အမြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မြို့ရှောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းကို မက်မန်းဗလကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါမြို့ရှောင်လမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ(၂၅၆၀)သန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်သည်။ မြို့ရှောင်လမ်းအား ကွန်ကရစ်လမ်းခင်းရာတွင် လမ်းမိုင်(၁)မိုင်၊ အကျယ်(၁၂)ပေခင်းခြင်းပြီး လုပ်ငန်းဆောင်ရွက်ပြီးမှု (၃၅)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါမြို့ရှောင်လမ်းအား ယခင်က မြေသားလမ်းအဖြစ် ခင်းကျင်းထားရှိပြီး ယခုဘဏ္ဍာရေးနှစ်မှစ၍ လမ်းပိုင်းအလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ကွန်ကရစ်လမ်း အဆင့်မြင့်ခင်းခြင်းလည်းဖြစ်သည်။ မြို့ရှောင်လမ်းခင်းကျင်းပြီးပါက ခရီးသွားပြည်သူများအနေဖြင့် မက်မန်းမြို့နယ်အတွင်းရှိ အေးကျန့်ကျေးရွာ၊ ကာနကျေးရွာ၊ ဝမ်ပါလောင်းရွာ၊ ကွန်ဟောင်းကြီးကျေးရွာများသို့ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


စောဥမ္မာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)