ကျိုက်ထိုမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်




MNP ၊ အောက်တိုဘာ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူ ၉၄၁ ဦးအား ယာယီကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ထားရှိသည့် ဇေယျာမွန်ရပ်ကွက်ရှိ တောရရွှေဂူကျောက်တွင်း ဘုန်းတော်ကြီးကျောင်း၊ ကော့စံနိုင်ရပ်ကွက်ရှိ တောရဘုန်းတော် ကြီး ကျောင်းဓမ္မာရုံနှင့် မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ပါလဘုန်းတော်ကြီး ကျောင်းသို့  ရွှေ့ပြောင်းပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲ မှုအောက် ကျိုက်ထိုတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ အောက်တို ဘာ ၈ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဥက္ကံချောင်းရေများ မြင့်တက်လာ မှုကြောင့် အဆိုပါမြို့ရှိ ဥက္ကံရွာမကျေးရွာအုပ်စု၊ ရင်းတိုက်လေးပင်ကျေးရွာအုပ်စုနှင့် မင်းရဲကျော်စွာ ရပ်ကွက်တို့မှ ရေဘေးသင့်ပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီး တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ရေဘေး ကင်းလွတ်သည့် နေရာများသို့ ကူညီကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)