MNP ၊ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၁)နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က ရုံးလုံခြုံရေးနှင့် မိမိကိုယ်ကို လုံခြုံရေးအထူးဂရုပြုနေထိုင်ကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ထူးခြားဖြစ်စဉ်သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်၊ မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန် မှတ်တမ်းများကို စနစ်တကျပြုစုထိန်းသိမ်းထားရန်၊ ပြည်သူများ၏ တင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာများကပြီးစီးကြောင်း တင်ပြပေးကြရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဦးဆန်းကြည်
https://t.me/MyanmarNationalPost

No comments:
Post a Comment