MNP ၊ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ပညာရေးမှူးဖလား U-18ကျောင်း ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နေ့လည်ပိုင်းကအမှတ် (၁၀)ရပ်ကွက်ရှိ ရတနာဒီပအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးသူရနှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲ၀င်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး လပွတ္တာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊ သက်ရှည်ကျန်းမာကြံ့ခိုင် ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့် တင်ဆောင်ရွက်ရေး ဦးတည်ချက်ကိုအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်အား ကစားပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် နိုင်ငံတော်မှအားထားရသည့် အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်တိုက်တွန်းလို ကြောင်း အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။ လပွတ္တာမြို့နယ်ပညာရေးမှူးဖလား U-18 ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သိပ္ပံကုန်းကြီးအထက်တန်းကျောင်း ဘောလုံးအသင်းနှင့် ကြာကန် အထက်တန်း ကျောင်းဘောလုံးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကိုလပွတ္တာမြို့နယ် အတွင်းရှိ နယ်မြေ(၁၀)ခုမှ ဘောလုံးအသင်း (၁၀) သင်း၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အောက်တိုဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment