MNP ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌ ဒုတိယအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ မြို့မိမြို့ဖများ ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အလှူရှင်များ စုပေါင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် က ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေး အမှာစကားပြောကြားပြီးနောက် လုပ်ငန်းကော်မတီ ဥက္ကဌများက ကော်မတီ အလိုက် ကြိုတင် ဆောင်ရွက်မည့်လုပ်ငန်း များကို ဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ နှင့်အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment