ပေါက်တောမြို့၌(၁/၂၀၂၃) အခမ်းအနားမှူးသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌(၁/၂၀၂၃) အခမ်းအနားမှူးသင်တန်းဆင်းပွဲ ကျင်းပ






MNP ၊ အောက်တိုဘာ    ၁၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင် ၊ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး( ၁/၂၀၂၃) အခမ်းအနားမှူး သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


   ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ထို့နောက် အခမ်းနားမှူးကောင်းများ ပေါ်ထွက်လာစေရန် အတွက် သင်တန်းသားသင်တန်းသူများက  နှစ်ယောက်တွဲ လေ့ကျင့်သရုပ်ပြသကြသည်။


 အဆိုပါသင်တန်းသို့ပေါက်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ ၁၆ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်နှစ်ပတ်ကြာမြင့်မည်ခဲ့ကြောင်း သင်တန်းနည်းပြသုံးဦးတို့က  စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ပေါက်တောမြို့နယ်အတွင်း၌ အခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် မလိုလားအပ်သည့်အမှားမျိုးမ အဖြစ်စေရန်၊ အခမ်းနားတစ်ခုလုံးကို အဆင်ပြေပြေချောချေမွေ့မွေ့ ပြီးမြောက်အောင် ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်ရန်နှင့် အခမ်းနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)