ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်







MNP ၊ အောက်တိုဘာ    ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့် လှစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ထွေ/အုပ် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ နည်းပြဆရာ၊ဆရာမများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင် က ယခုလို အခမ်းအနားမှူးသင်တန်းအား ပို့ချသင်ကြားပေးခြင်းအားဖြင့် သင်တန်းသား၊သင်တန်းသူများသည် အခမ်းအနားမှူးတာဝန်များကို အခက်အခဲမရှိ လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခရိုင်/မြို့နယ် အတွင်းရှိ အခမ်းအနားများ၊ ဌာနဆိုင်ရာအစည်းအဝေးများ၊ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာပွဲများ ကျင်းပသည့်အခါတွင် မလိုလားအပ်သည့်အမှားမျိုးမရှိစေရန် ဆင်ခြင်သုံးသပ်၍  အခမ်းအနားတစ်ခု လုံးကို အဆင်ပြေပြေချောချောမွေ့မွေ့ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်သည့် မြို့ဂုဏ်ဆောင် အခမ်းအနား မှူးကောင်းများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိခဲ့သည့်  အတွေ့အကြုံကောင်းများကို အခမ်းအနားများဆောင်ရွက်ရာတွင် အနစ်တကျ လက်တွေ့အသုံးချစေလိုကြောင်း စသည့် သင်တန်းဖွင့် လှစ်ပေးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော ဆုရသင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့ကြသော သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာမများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါသင်တန်းကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရုံးဖွင့်ရက်(၁၀)ရက်တွင် သင်တန်းနည်းပြဆရာ(၅) ဦးတို့မှ စာတွေ့လက်တွေ့ပြသပေးခဲ့ပြီး ခရိုင်ထွေ/အုပ်ဝန်ထမ်း(၁၄) ဦးနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင် ရဲမေ(၈) ဦးတို့မှ တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)