လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ



 

MNP ၊ အောက်တိုဘာ  ၁၇

၂၀၂၃ခုနှစ် လင်းခေးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ အဆိုပါဖလားနောက်ဆုံး ဗိုလ်လုပွဲစဥ်အဖြစ် တောင်ရွာရပ်ကွက်အသင်းနှင့် ပုန်းထွန်ကျေးရွာအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပုန်းထွန်ကျေးရွာအသင်းက (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။


ဗိုလ်လုပွဲစဥ်အပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များက ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော ဘောလုံးအသင်းများအား တစ်ဦးချင်း ဆွဲပြားဆုများနှင့် ငွေသားဆုများချီးမြှင့်ခြင်း၊ ပြိုင်ပွဲကျင်းပစဥ် တာဝန်ယူဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်း၊ ပြိုင်ပွဲစဥ်တလျှောက် အကောင်းဆုံးကစားသမားဆု၊ အသန့်ရှင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုများနှင့် ရှေ့တန်း၊ အလယ်တန်းနှင့် နောက်တန်းအကောင်းဆုံးကစားသမားဆုများကို အသီးသီးချီး မြှင့်ပေးအပ်ခဲ့ကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။


အခမ်းအနားသို့ လင်းခေးခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဒုတိယအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူမောင်မယ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် ဒေသနေ ပြည်သူလူထု အင်အားစုစုပေါင်း (၅၀၀)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စိုင်းဇော်လတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)