တိုကျို၊ အောက်တိုဘာ ၁၂
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် က ရုရှားနှင့် ဆက်ဆံရေးသည် အဆင့်သစ်တစ်ခုသို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပြီး နယ်ချဲ့ဝါဒီများကို တိုက်ဖျက်ရာတွင် ရုရှားပြည်သူများ၏ အောင်ပွဲအတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။
“မကြာသေးခင်ကမှ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရေး ဆက်ဆံရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရဲဘော်ပူတင်နဲ့ ပွင့်လင်းမြင်သာစွာ ကျယ်ကျယ်ပြန့်ပြန့် သဘောထားအမြင်တွေ ဖလှယ်နိုင်ခဲ့တာကို ကျေနပ်မိပါတယ်၊၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မျိုးဆက်တစ်ခုပြီးတစ်ခု ပေါင်းစပ်ပြီး ရာစုနှစ်တစ်ခုပြီးတစ်ခု ရာစုနှစ်တစ်ခုကြာအောင်လည်း အနာဂတ်တွင် အဆင့်သစ်တစ်ခုသို့ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်” ဟု KCNA သတင်းဌာနမှ ဖော်ပြသွားခဲ့သည်။
"စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ နယ်ချဲ့ဝါဒီတွေကို ရုရှားပြည်သူတွေအနေနဲ့ အမြဲတမ်း အောင်နိုင်ခဲ့ပါတယ်။ တာဝန် ဝတ္တရားတွေကို ကျန်းမာ၊ ချမ်းသားပြီး အောင်မြင်ပါစေလို့ ဆန္ဒပြုရင်း ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းမှုကို ကာကွယ်နိုင်ပါစေ” ဟု ကြေးနန်းစာတွင် ဖော်ပြထားသည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment