MNP ၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးမောင်မောင်မြင့်က ယခုသင်တန်းသည် အသက်(၃)နှစ်မှ(၅)နှစ်အရွယ် ကလေးများဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် မူကြိုဆရာမများ စွမ်းရည်မြင့်မားစေရန်၊ မူလကြိုကျောင်း ဖွင့်လှစ်ထားသူများနှင့် ဖွင့်လှစ်ရန် စီစဉ်နေသူများ အနေဖြင့် မူကြိုဆိုင်ရာနည်းပညာများနှင့် ကလေးဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသဘောတရားများ သိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းမှရရှိသည့် အတွေ့အကြုံများကို လက်တွေ့ပြန်လည်အသုံးချပြီး ကလေးများ၏ အနာဂတ်လှပစေရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြာကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်အေးခန့်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူတို့က လက်ခံရယူကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၌ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ထားသည့် သထုံ၊ ပေါင်၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့မှ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် မူလတန်းကြိုကျောင်းဖွင့်လှစ်ရန်စီစဉ်နေသည့် ကျောင်းတို့မှ သင်တန်းသူ ဆရာမစုစုပေါင်း(၃၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment