MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မှီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်းအရောင်း ဆိုင်လုပ်ငန်းရှင်များတက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီများက Videoconfrence စနစ်ဖြင့်တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုနှစ်သည်ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် မိုးစပါးစိုက် ဧကလည်း အချိန်မှီပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသောလယ်ယာမြေများအတွက် အထွက်နှုန်းတိုးပြီး အထွက်နှုန်းကောင်းသည့် မျိုးစပါးများကိုလည်း နိုင်ငံတော်ကပံ့ပိုးကူညီထားပါကြောင်း၊ အထွက်နှုန်းကောင်းသော မျိုးစပါးများကို စနစ်တကျစိုက်ပျိုး နိုင်ခဲ့ခြင်းကြောင့် လက်ရှိအနေအထားတွင်လည်း အားရစရာများကောင်းသည်ဟု သတင်းစကားများကြား သိရပါကြောင်း၊ လက်ရှိတွင် စိုက်ပျိုးထား သော မိုးစပါးများကိုအချိန်မှီရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် အမိုးအကာအောက်ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန်ကိစ္စတို့သည် အရေး ကြီးနေပါကြောင်း၊ ယခုအချိန်သည် တောင်သူများအတွက်လည်း များစွာအရေးပါသောအချိန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်စနစ်တကျဆောင်ရွက်ခြင်း မလုပ်ဆောင်နိုင်လျှင် အပင်ပန်းခံစိုက်ပျိုးထားသော လယ်ယာမြေဧကများ နိုင်ငံတော်ကထောက်ပံ့ပေးထားသော မျိုးစပါးများ၊ တောင်သူတစ်ဦးချင်း၏ လုပ်အားများ၊ ထို့အတူဌာနဆိုင်ရာအသီးသီး၏ ကူညီပံ့ပိုးမှုများသည် အရာမရောက်ဖြစ်မည့် အနေအထား ဖြစ်ကြောင်း၊ ထို့ကြောင့် မိုးစပါးများကို အချိန်မှီရိတ်သိမ်းခြွေလှေ့ပြီး အမိုးအကာအောက် ရောက်ရှိနိုင်ရန် အလွန်အရေးကြီးသည့်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကလည်း အောက်တိုဘာလ (၂၄) ရက်နေ့ မြန်မာ စံတော်ချိန် (၈:၃၀) နာရီတွင် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ မဝင်ရောက်နိုင်ဟု ခန့်မှန်းထားသော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့်အတွက် မိမိတို့ခရိုင်၊ မြို့နယ်များတွင် စိုက်ပျိုးထားသည့် မိုးစပါး၊ မိုးသီးနှံများနှင့်ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုမရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ နှိုးဆော်ချက်များအတိုင်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရင့်မှည့်နေသော မိုးစပါးစိုက်ခင်းများအား အမြန်ဆုံးရိတ်သိမ်းနိုင်ရန် လူအင်အားစီမံခန့်ခွဲမှုအပိုင်းတွင် အားနည်းချက်ရှိသည့် အတွက် စက်ယန္တရားများဖြင့် အချိန်မှီရိတ်သိမ်းနိုင်ရန် အရေးကြီးလာပါကြောင်း၊ အစိုးရပိုင်စက်များ၊ ဌာနပိုင်စက်များနှင့်ပုဂ္ဂလိကပိုင်စက်များဖြင့် ရိတ်သိမ်းသွားရမည်ဖြစ်ကြောင်း၊ ထိုစက်ယန္တရားများကို မြို့နယ် အသီးသီးတွင်ဖြန့်ခွဲထားခြင်းကြောင့် အမှန်လိုအပ်သည့်နေရာ၊ အရေးတကြီးလိုအပ်သည်နေရာများတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း၊ စပါးများသည် တချိန်တည်းတပြိုင်တည်း ရင့်မှည့်ကြမည့်အနေအထားဖြစ်ခြင်းကြောင့် မိုးလေဝသကိုအခြေခံပြီး ရိတ်သိမ်းရမည်ဖြစ်သဖြင့် စနစ်တကျဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးကို မြို့နယ်များကတက်ရောက်ကြသကဲ့သို့ ဆန်စက်လုပ်ငန်း ရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်းအရောင်းဆိုင်တချို့ကိုလည်း ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကများ၊ တောင်သူများ၊ ဒေသခံများပါဝင်သည့်အတွက် လုပ်ငန်းရှင်များက ပြည်သူကြားတွင်ဆောင်ရွက်နေကြသူများဖြစ်ခြင်းကြောင့် လက်ရှိမြေပြင်၏ အခြေ အနေနှင့်ကိုက်ညီသည့် ဒေသအတွက်အကျိုးရှိသည့်အကြံပြုချက်များကို တင်ပြပေးကြစေလိုကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် ရေကိုလည်းအလျင်မှီအောင် လုပ်ဆောင်ရသည့်အတွက် မျိုးရွေးချယ်သည့်အခါ GW – 11 တို့၊ စူပါနှံကောက် တို့ကို ရွေးချယ်ထားခြင်းဖြစ်ပြီး အထွက်နှုန်းလည်း အနည်းဆုံး တင်း ၁၂၀ နှင့် ၁၅၀ကြားတွင်ရှိနေသည့်အတွက် အလေအလွင့်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ယခုမိုးစပါးများရင့်မှည့်ပြီး တောင်သူများ အကျိုးရှိမည့်အချိန်တွင် မိမိတို့က စေတနာထားပြီး တောင်သူများအတွက်အကျိုးရှိအောင် စီမံခန့်ခွဲပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိုးစပါးများအချိန်မှီ ရိတ်သိမ်း၊ ခြွေလှေ့ပြီး အမိုးအကာ အောက်ရောက်ရှိအောင် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး စိုက်ပျိုးရေးဦးစီး ဌာနနှင့် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ရခိုင်ပြည်နယ်အတွင်း မိုးစပါး စိုက်ပျိုး ထားရှိမှုအခြေအနေ၊ ရိတ်သိမ်း၊ ခြွေလှေ့စက်များဖြန့်ဝေထားရှိမှု အခြေအနေနှင့် ရိတ်သိမ်း၊ ခြွေလှေ့ပြီး အမိုးအကာအောက်ရောက်ရှိနိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်များမှ တာဝန်ရှိသူများက မိုးစပါးများအချိန်မီ ရိတ်သမ်းခြွေလှေ့ပြီး အမိုးအကာအောက် ရောက်ရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေ များအား အကြံပြုဆွေးနွေးတင်ပြကြပြီး Videoconfrence စနစ်ဖြင့်တက်ရောက်ကြ ခရိုင်နှင့်မြို့နယ်စိုက်ပျိုး ရေး ကြီးကြပ်မှုကော်မတီများက မိမိတို့ခရိုင်နှင့် မြို့နယ်အလိုက် မိုးစပါးများစိုက်ပျိုးအောင်မြင်နေမှု၊ ရိတ်သိမ်းနေမှု၊ စက်ယန္တရားများဖြင့် အသုံးပြု ဆောင်ရွက်နေမှုနှင့် မြို့နယ်အလိုက်လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment