MNP ၊ အောက်တိုဘာ ၂၀
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် အိန္ဒိယနိုင်ငံတွင်အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသောမြန်မာအကျဉ်းသား ၅၇ ဦးတို့ကို ယမန်နေ့က အိန္ဒိယနိုင်ငံ Port Blair ကျွန်းမှမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအကျဉ်းသားများသည် အိန္ဒိယနိုင်ငံတွင် ၂ နှစ်မှ ၁၀ နှစ်ထိ အကျဉ်းကျခံနေရသူများဖြစ်ပြီး ဆရာတော်ကြီးဦးဆောင်သော သီတဂူအဖွဲ့မှ ခရီးစရိတ်ကျ သင့်ငွေအားလုံးလှုဒါန်းကာ ၂ နိုင်ငံတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခြင်းကြောင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ပြန်ရောက်ရာတွင်လည်း သီတဂူအဖွဲ့မှ လမ်းစရိတ်နှင့် ညစာထပ်မံလှုဒါန်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တည်းခိုရေးနှင့်ပြန်လည်ပို့ဆောင်ရေးတို့အတွက် ပါဝင်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးနှင့် သီတဂူအဖွဲ့သည် ယခုကဲ့သို့ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသောမြန်မာအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းသားဦးရေ ၂၀၀၀ ကျော်ခန့်ကို တာဝန်ရှိသူများနှင့်ပူပေါင်း ကယ်တင်ကုသိုလ်ယူခဲ့နိုင်ကြောင်း သီတဂူအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment