သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သဲပုံစေတီပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သဲပုံစေတီပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မွန်လူမျိုးတို့၏ ရိုးရာဓလေ့သဲပုံစေတီပွဲကို ယမန်နေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ပုရဝုဏ်အတွင်း သဲသောင်ပြင်၌ ကျင်းပခဲ့သည်။


သဲပုံစေတီပွဲကို မွန်လူမျိုးတို့၏ ရိုးရာဓလေ့အရ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ မွန်ရဟန်းသံဃာတော်များနှင့် မွန်လူမျိုးများလာရောက်၍ သဲပုံစေတီများပြုလုပ်၍ သံဃာတော်များမှ ဘုရားအနေကဇာတင်ပြီးတရားနာ၊ ရေစက်ချ၊ အမျှပေးဝေခဲ့သည်။ အဆိုပါသဲပုံစေတီပွဲတော်ကို နှစ်စဥ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း ကျင်းပလျက်ရှိကြောင်း ရပ်ကွက်စာရေးတစ်ဦးထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)