MNP ၊ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးဌာနခွဲတွင် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အသင်းဝင်တို့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင်းမီမီခိုင် ဦးဆောင်စီမံမှုဖြင့် ကာကွယ်ဆေးထိုး ဆရာ၊ ဆရာမများ ဆေးထိုးနှံနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ မဖြစ်စေရန် စောင့်ကြပ် ကြည့်ရှုလိုအပ်သည်များ ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ပြည်သူအခြေပြု ကျေးရွာပေါင်း (၂၂)၊ ရည်မှန်းအမျိုးသမီးငယ် (၇၀)ဦးရှိရာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ(၂၇)ရက်နေ့အထိ အခမဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံ ပေးသွားမည်ဖြစ်သည်။
မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား အောက်တိုဘာလ ၁၆ ရက်နေ့တွင်အမျိုးသမီးငယ်(၄၀)ဦး၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျေးရွာ(၁၈)မှ အမျိုးသမီးငယ် (၂၃)ဦး၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျေးရွာ(၄)မှ အမျိုးသမီးငယ်(၆)ဦး၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်မှ အမျိုးသမီးငယ်(၁)ဦး ပေါင်း(၇၀)ဦးတို့အား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ရာနှုန်းပြည့် ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment