MNP ၊ အောက်တိုဘာ ၂၀
ရန်ုကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲအောင်မြင့်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချို၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကျင်းပမည့် အခြေအနေ၊ ကျပန်းခေါင်းစဥ်များ၊ အခြေခံပညာကျောင်းများ၌ ကျပန်းစကားပြောပြိုင်ပွဲများကျင်းပခဲ့မှု၊ ပြိုင်ပွဲကျင်းပခဲ့သော အခြေခံပညာကျောင်းများမှ ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးကို ပြိုင်ဝင်မည်ကလေးများ ဝတ်စားဆင်ယင်မှု၊ အသံလေယူလေသိမ်း၊ အချက်အလက်ပိုင်နိုင်မှု၊ စကားပြောပြေပစ်မှုရှိစေရေး သက်ဆိုင်ရာကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြိုင်ပွဲဝင်ကျောင်းအုပ်ကြီးများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ခဲ့သော အ.ထ.က ကျောင်း ၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment