စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား ပြုပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား ပြုပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်




MNP ၊ အောက်တိုဘာ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲ ဝင်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အနာဂတ်ကာလတွင် လက်ဆင့်ကမ်း တာဝန်ယူ ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များအား ဗလ(၅)တန်နှင့် ပြည့်စုံရေး တာဝန်ရှိသူများအားလုံးမှ လေ့ကျင့်၊ ပြုစု၊ ပျိုးထောင်ပေးသွားရမည် ဖြစ်ပါကြောင်း၊ လူငယ်၊ လူရွယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ် များအား ချစ်မြတ်နိုးစွာဖြင့် တန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မျိုးချစ်စိတ် ရှိသူတိုင်းမှ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊


မိမိတို့ တိုင်းဒေသကြီး၏ အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်အဖွဲ့ကို အင်အားပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကိုယ်တိုင်ပါဝင်ဆင်နွဲကျသည့် အနုပညာရှင်များ ဝါသနာရှင်များ ပံ့ပို့ အတီးပညာရှင်များ မျိုးဆက်သစ်လူငယ်များအား ပါဝင်ယှဉ်ပြိုင်ခွင့်ပြုပေးခဲ့ကြသည့် မိဘများနှင့် အုပ်ချုပ်သူများအား အသိအမှတ်ပြုပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်တိုင်းသည် မိမိတို့တစ်ဦးချင်း၊တစ်ဖွဲ့ချင်း အချိန်ကိုတန်ဖိုးရှိစွာဖြင့် စနစ်ကျသည့်လေ့ကျင့်အားထုတ်မှုများနှင့် အသုံးချဆောင်ရွက်နေသူများ သာအောင်မြင်မှု ကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လည်း တိုင်းဒေသကြီးအတွက် ရွှေတံဆိပ်ဆုများစွာကိုရရှိကာ အောင်မြင်မှုများစွာဖြင့် ပြန်လာမည့် ပြိုင်ပွဲဝင်များ၏အပြန် လမ်းကို စောင့်ကြိုလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့ အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ပြီး ပြိုင်ပွဲဝင်အနု ပညာရှင်၊ ဝါသနာရှင်များက ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားသည့် အဆို၊ အက၊ အတီး များဖြင့် ဖျော်ဖြေခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးထံ အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့သူများအတွက် ငွေကျပ် သိန်း- ၃၀ အား ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး  (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား ပြုပြိုင်ပွဲဝင်အဖွဲ အုပ်ချုပ်ကြီးကြပ်သူများ၊ နည်းပြများနှင့် ဘာသာရပ်အလိုက် တာဝန်ခံ အနုပညာရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ကြမည့် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်များအား  ပြိုင်ပွဲစည်းကမ်း၊ အဆောင်စည်းကမ်းနှင့် သွားလာ စည်းကမ်းများကို လိုက်နာရေး၊  အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်ကာ အောင်နိုင်မှု ရရှိရေးအတွက် ပြိုင်ပွဲမကျင်းပမီအထိ ကြိုးပမ်းလေ့ကျင့်သွားရေးနှင့် ကျန်းမာရေး ဆိုင်ရာဂရုပြု လိုက်နာသင့်သည်များကို အသေးစိတ်မှာကြားခဲ့သည်။  


အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကြီး တွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် အမျိုးသား- ၁၄၈ ဦး၊ အမျိုးသမီး- ၉၂ ဦး၊ စုစုပေါင်း ၂၄၀ ဦးဖြင့် ဘာသာရပ်ပေါင်း ၈၉ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)