နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ







MNP ၊ အောက်တိုဘာ  ၂၀

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးအား ယမန်နေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr.Grigoriev Evgency Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ရှရှား နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံ ပြည်သူများ နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုရှိစေရေး၊ နှစ်နိုင်ငံအကြား စက်မှုကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှု၊ ကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။


တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)