ဂန့်ဂေါမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ


MNP ၊ အောက်တိုဘာ    ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်  ဆောင်ရွက်ခဲ့ကြသည်။


၁၈-၁၀-၂၀၂၃ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရှိုင်းသူနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရနှင့် ဝန်ထမ်းများပူးပေါင်း၍ မိုးရာသီတွင်ဖြစ်ပေါ်တတ်သည့် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် ကြိုတင်ပြင်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် မီးငြှိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊  မိုးခေါင်ရေရှားမှုမဖြစ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မိုးခေါင်ရေရှားနေစဉ် လိုက်နာရန်အချက်များနှင့် မိုးခေါင်ရေရှားဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များပါဝင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၂၀၀)စောင်ကို ခရီးသွားပြည်သူများ၊ ဈေးရောင်း/ ဈေးဝယ်သူများနှင့် အများပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)