မိုးကောင်းမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြင့်

 






MNP ၊ အောက်တိုဘာ  ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃) ရက် နံနက်(၁၀) နာရီတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချု်ပရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။


ဆုချီးမြှင့်ပွဲအခမ်းအနား၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံပညာအဆင့် အသက် (၅-၁၀) နှစ်အဆို အမျိုးသား (ကာလပေါ်) ပေါ်ပြိုင်ပွဲတွင် ပြည်နယ်အဆင့် ပထမဆုရရှိခဲ့သည့် မောင်လျန်းထက်စိုးအား ဂုဏ်ပြုဆုငွေ ငါးသောင်းကျပ်၊ အခြေခံပညာအဆင့်ဒိုးပတ်ပြိုင်ပွဲတွင် ပြည်နယ်အဆင့်ပထမဆုရရှိခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေကျပခြောက်သောင်း၊ အခြေခံပညာအဆင့် နှဲပြိုင်ပွဲတွင် ပြည်နယ်အဆင့် ဒုတိယဆုရရှိခဲ့သည့် မောင်ခန့်မင်းနိုင်၊ အခြေခံပညာအဆင့် အသက်(၁၀-၁၅)နှစ်အက အမျိုးသမီးပြိုင်ပွဲတွင် ပြည်နယ်အဆင့်ဒုတိယဆုရရှိခဲ့သည့် မရည်မွန်ကျော်၊ အခြေခံပညာအဆင့် အသက်(၅-၁၀)နှစ်အဆို အမျိုးသား (ကာလပေါ်) ပြိုင်ပွဲတွင် ပြည်နယ်အဆင့်ဒုတိယဆုရရှိခဲ့သည့် မောင်ကောင်းဆက်ပိုင်အား ဂုဏ်ပြုဆုငွေကျပ်လေးသောင်းစီချီးမြှင့်ပြီး အခြေခံပညာအဆင့် အသက်(၁၀-၁၅)နှစ်အဆို အမျိုးသမီး(ကာလပေါ်)ပြိုင်ပွဲတွင် ပြည်နယ်အဆင့် တတိယဆုရရှိသည့် မပိုးဇာလင်း၊ အခြေခံပညာ အဆင့်အသက်(၁၅-၂၀)နှစ်အဆို အမျိုးသမီး(ကာလပေါ်)ပြိုင်ပွဲတွင် ပြည်နယ်အဆင့် တတိယဆုရရှိ ခဲ့သည့် မပန်စွန် တို့အား ဂုဏ်ပြုဆုငွေကျပ်(၃၀၀၀၀)စီ ချီးမြှင့်ကာ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် ဒိုးပတ်အဖွဲ့အား ထောက်ပံ့ငွေကျပ်(၂)သိန်း၊ မောင်လျန်းထက်စိုးနှင့် မောင်ခန့်မင်းနိုင် တို့အား ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) စီ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)