မိုးနှမ်းထွက်ရှိချိန် ဈေးကောင်းရရှိသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနှမ်းထွက်ရှိချိန် ဈေးကောင်းရရှိသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ




MNP ၊ အောက်တိုဘာ   ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ နှမ်းစိုက်တောင်သူများသည် မိုးနှမ်းများ ပေါ်သည့်အချိန်တွင် ဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ နှမ်းစိုက်တောင်သူများမှာ ဇူလိုင်လ နှမ်းသီးနှံများ ပေါ်ကာစအချိန်တွင် တစ်တင်းလျှင် ကျပ် ၁၄၀၀၀၀ ဝန်းကျင်အထိ ဈေးကောင်း ရရှိကြကြောင်း သိရသည်။


“ကျွန်တော်တို့ဒေသအနေနဲ့ မိုးသီးနှံကိုတော့ နှမ်းကို အများဆုံး စိုက်ပျိုးကြပါတယ်။ နှမ်းကောင်းရင် တစ်ဧကကို ၁၄/၁၅ တင်း ထွက်သလို ပျမ်းမျှအားဖြင့် ၁၀ တင်းကျော် ထွက်ပါတယ်။ ဒီနှစ်စိုက်တဲ့တောင်သူတွေ နှမ်းကောင်းကြသလို ဈေးနှုန်းကလည်း နှမ်းတစ်တင်းကို ယခုလက်ရှိ နှမ်းနက်တစ်တင်း ကျပ် ၁၁၃၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၁၁၅၀၀၀ နှင့် နှမ်းနီတစ်တင်း ကျပ် ၉၀၀၀၀ ကျော် ၁၀၀၀၀၀ နီးပါးရှိတာကြောင့် တောင်သူတွေအနေနဲ့ အဆင်ပြေကြပါတယ် “ ဟု ရေပုတ်ကျေးမှ နှမ်းစိုက်တောင်သူ ကိုမျိုးလွင်က ပြောသည်။


ယခုနှစ် မိုးရာသီကာလတွင် မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံအဖြစ် နှမ်းကို အများဆုံးစိုက်ပျိုးပြီး ၆၆၃၇၄၈ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ နှမ်းသည် သုံးလသာ စိုက်ပျိုးရပြီး အခြားသီးနှံများကဲ့သို့ တစ်စိုက်မတ်မတ် အထူးဂရုစိုက်ပြုစုနေစရာမလိုပေ။ သီးလုံးဝင်သည့်အချိန်တွင် သီးဖောက်ပိုးနှင့် ပုရစ်မကိုက်ရန်သာ ဂရုစိုက်ပေးရကြောင်း ဒေသခံ နှမ်းစိုက်တောင်သူများထံမှ သိရသည်။


‌ဇေယျာထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)