နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ




MNP ၊ အောက်တိုဘာ    ၁၃

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် မြို့နယ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အထက် အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အားကစားသမားများအနေဖြင့် ဘောလုံးစည်းမျဉ်းစည်းကမ်းနှင့်အညီ ယှဉ်ပြိုင်ကစားသွားကြပါရန်နှင့် မြို့နယ်ကိုယ်စားပြု အားကစားသမားများအဖြစ်သာမက ခရိုင်၊ ပြည်နယ်၊ နိုင်ငံကိုယ်စားပြု အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းအမှာစကား ပြောကြားပြီး ရဝမ်တိုင်းရင်သူ လုံမယ်ပျိုလေးများက ရိုရာအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ထို့နောက် အဖွင့်ပွဲစဉ်ကို ကဆန်ထီ FC‌ အသင်းနှင့် နမ်ပန်ဒမ်းဘောလုံးအသင်းတို့ စတင် ယှဉ်ပြိုင်ကစားခဲ့ပြီး ယင်းပြိုင်ပွဲကို အောက်တိုဘာလ(၁၂)ရက်မှ နိုဝင်ဘာလ(၂)ရက်နေ့အထိ ပြိုင်ပွဲဝင် အသင်း(၇)သင်းကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကာ အမှတ်အများဆုံး လေးသင်းကို ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မဲခွဲ ဆုံးဖြတ်၍ ဆက်လက်ယှဉ်ပြိုင်သွား‌မည်ဖြစ်သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ အားကစားသမားများနှင့် ဘောလုံးပရိတ်သတ်များ (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)