MNP ၊ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေးက လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ဝင်ငွေများ တိုးပွားလာစေရန်နှင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းက ယခုလို နည်းပညာသင်တန်း လာရောက်ဖွင့်လှစ်ပေးသည့်အတွက် များစွာဝမ်းမြောက်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်ကြားပေးသည့် နည်းပညာများအား လုပ်ငန်းခွင်တွင် ပြန်လည်ဆောင်ရွက်နိုင်ရန် သင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် သင်တန်းနည်းပြများက သင်တန်းအား ပို့ချသင်ကြားရာ သင်တန်းသား၊ သင်တန်းသူ(၂၇)ဦးမှ စိတ်ပါဝင်စားစွာ သင်ယူကြကြောင်း သိရသည်။
အဆိုပါ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၁)ပတ်အတွင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment