ကွတ်ခိုင်မြို့ မူလတန်းကြိုကျောင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့ မူလတန်းကြိုကျောင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေး




MNP ၊ အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်ကလေးကြီးကြပ်‌‌ရေး‌ကော်မတီတို့မှ ကွတ်ခိုင်မှုလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေးခြင်းတို့ကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဖြူဖြူဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက မူကြိုကျောင်းရှိကလေးငယ်(၁၁၁)ဦးတို့အား ကိုယ်အလေးချိန်တိုင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပြီး သန်ချဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ခရိုင်မိခင်ကလေးကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဒေါ်ကလျာနှင့် အဖွဲ့ဝင်တို့မှ ကလေးသူငယ်များ အာဟာရပြည့်ဝပြီး ကျန်းမာသန်စွမ်းလာစေရန်အတွက် အာဟာမုန့်များတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ချစ်မျိုးဦး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)