MNP ၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ကျောင်းစုပတုပ်ကျေးရွာအုပ်စု၊ သူကြီးပတုပ်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သုံးခွမြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်သည့် သူကြီးပတုပ်ကျေးရွာ တက်နေလင်းစိုက်ပျိုးထုတ်လုပ်ရေးသမအသင်းမှ အသင်းသားဦးသိန်းဆောင်၏ လယ်ဧက(၁၀)ဧကကို ယမန်နေ့မွန်းလွဲ ၁၃ နာရီက မိုးစပါးများ စတင်ရိတ်သိမ်းကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် သမဝါယမအသင်းစုမှရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းပေါင်း(၁၁)ရှိပြီး လယ်ဧက(၂၀၅၀)ဧကရှိသည့်အနက် ကျောင်းစုပတုပ်ကျေးရွာအုပ်စု သူကြီးပတုပ်ကျေးရွာရှိ တက်နေလင်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား(၁၇)ဦး၏ စိုက်ဧက(၁၅၀)ဧကတွင် တောင်သူဦးသိန်းဆောင်၏ လယ်ဧက(၁၀)ဧကကို စတင်ရိတ်သိမ်းခဲ့ရာတစ်ဧကလျှင် စပါးတင်း(၆၀)တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစတင်ရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်နွယ်နွယ်အေး၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment