ပေါင်မြို့နယ်၌ဘိုးဘွားများအား ထောက်ပံ့‌ငွေ များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ဘိုးဘွားများအား ထောက်ပံ့‌ငွေ များပေးအပ်






MNP ၊ အောက်တိုဘာ  ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့  အထိမ်းအမှတ် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်‌ ထောက်ပံ့ကြေးများပေးအပ်ခြင်းကိုယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးအား တစ်ဦးလျင် (၅၀၀၀၀/-)ကျပ်နှုန်းဖြင့် ငွေကျပ်(၃၀၀၀၀၀/-) အား

 ထောက်ပံ့ပေးခဲ့သည်။


ထိုသို့ထောက်ပံ့ရာတွင်  သထုံခရိုင်လူမှု့ဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး ၊ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင် တို့က ပေါင်မြို့နယ်အတွင်းရှိ ကျွဲခြံကျေးရွာ၊မုတ္တမကျေးရွာ၊ခလောက်အင်းကျေးရွာ၊ကတွန်ကျေးရွာ၊ထန်းပင်ချောင်ကြီးကျေးရွာ စသည့်ကျေးရွာများရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ  များကိုထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)