မော်စကို၊ အောက်တိုဘာ ၁၉
ဂါဇာကမ်းမြှောင်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သယ်ဆောင်ပေးသည့် ရုရှားအရေးပေါ်ဝန်ကြီးဌာန၏ အထူးလေယာဉ်သည် အီဂျစ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
"ရုရှားသမ္မတရဲ့ ညွှန်ကြားချက်နဲ့ ရုရှားအစိုးရကိုယ်စား၊ ရုရှား အရေးပေါ် ဝန်ကြီးဌာနရဲ့ လေယာဉ်ဟာ ဂါဇာကမ်းမြောင်ဒေသက လူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်စည်တွေကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ အထူး Il-76 လေယာဉ်ဟာ မော်စကိုမှာရှိတဲ့ Ramenskoye လေယာဉ်ကွင်းကနေ El Arish ကိုထွက်ခွာသွားပြီ ဖြစ်ပါတယ်။” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွင် မုန့်ညက်၊ သကြား၊ ဆန်နှင့် ခေါက်ဆွဲ ၂၇ တန် ပါဝင်ပါသည်။ ဂါဇာကမ်းမြောင်သို့ ပို့ဆောင်ရန်အတွက် အီဂျစ်လခြမ်းနီအသင်းထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
ဂါဇာအခြေစိုက် ပါလက်စတိုင်းအစွန်းရောက်အဖွဲ့ ဟားမတ်စ် စစ်သွေးကြွများသည် ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်အတွင်းသို့ အံ့အားသင့်ဖွယ် ကျူးကျော်ဝင်ရောက်လာချိန်တွင် အရှေ့အလယ်ပိုင်းတွင် အောက်တိုဘာ ၇ ရက်က တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ဟားမတ်စ်က ၎င်း၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ဟောင်းရှိ Al-Aqsa ဗလီကို အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်အတွက် တုံ့ပြန်မှုအဖြစ် ဖော်ပြခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment